RSS

Sunday, January 30, 2011

Youth Bible Camping


Youth Bible Camping
3.1.2011
မနက်ပိုင်း -JK-
အိမ်သာမှာရှိတဲ့ အီးကို လှပတဲ့ ပန်းကန်မှာထားပြီး ပလ္လင်မှာထားရင် ကြည့်ကောင်းမလား? အဲဒီလိုဘဲ သင့်နဲ့ကျွန်ုပ် အသက်တာဟာ ဒီလိုပါဘဲ အားလုံးဟာ အပြစ်ရှိတဲ့အတွက် မစင်နဲ့တူတယ် မစင်ကိုဘယ်လိုလှပတဲ့ပန်းကန်နဲ့ ဘဲထားထား မစင်ဟာမစင်ပါဘဲ။
သင်ဟာအဝတ်အစားကောင်းဝတ်ပြီး ဘုရားကျောင်းမှာ လူတွေရှေ့မှာ ခုန်ပေါက်နေအောင် လူတွေရှေ့မှာ ဝတ်ပြုကိုးကွယ်နေပေမဲ့ ပြောင်းလဲမူမရှိဘူးဆိုရင် လှပတဲ့ပန်းကန်ထဲမှာ မစင်ထားတာနဲ့အတူတူဘဲ။ လူတွေဟာ အလူငွေထည့်တဲ့အခါ မိုးပေါ်ကို မော့ကြည့်ပြီးထည့်တတ်ကြတယ် အစာရှောင်တဲ့အခါကြရင် ခေါင်းငုံပြီး ဆုတောင်းတတ်ကြတယ် ပါးစပ်ကပြောချင်တာတွေပြောပြီး ဆုတောင်းတဲ့အခါ လူတွေအထင်ကြီးအောင် အမျိုးမျိုးပြောပြီးတောင်းတတ်ကြတယ် ဒီလိုဆုတောင်းချက်တွေဟာ ဘုရားသခင်ဆီမှာ ပါးစပ်ပုပ်နဲ့ဆုတောင်းတာနဲ့တူတယ် ကျနော်သားဘုရားဆိုရင် နင်တို့တွေအားလုံးဟာ အခုဆိုရင် အသက်တောင်ရှိကြမှာမဟုတ်ဘူး သင့်ရှေ့မှာ ပါးစပ်ပုပ်နဲ့စကားပြောတဲ့သူနဲ့စကားပြောတဲ့အခါ သင်သူ့နဲ့စကားပြောမဲ့အစား သူ့ပါးစပ်ကထွက်တဲ့အနံကိုမခံနိုင်တဲ့ အတွက်ကြောင့် သူနဲ့စကားပြောဖို့ ဝန်လေးမယ် သူ့ကိုမောင်းထုတ်မိမှာဖြစ်တယ် ဘုရားသခင်ဟာ သင်ဘယ်လို ပြုမူကျင့်ကြံနေပါစေ သင့်ကို စိတ်ရှည်တဲ့ဘုရားဖြစ်တယ် လူငယ်တချို့ကို တရားဟောဆရာတွေက ဘု၇ားကျောင်းသွားပါ အရက်မသောက်နဲ့လို့ပြောနေပေမဲ့ များသောလူငယ်တွေက တလွဲတွေလုပ်တာများတယ်။

လူအနေနဲ့ကြိုးစားမယ်ဆိုရင် သူတောင်ကောင်းဖြစ်ဖို့ကြိုးစားမယ်ဆိုရင် ပိုပြီး ပျက်စီးမဲ့လမ်းကြောင်းနဲ့ နီးစပ်သွားနိုင်တယ် ငါသည်ချမ်းသာရမယ်လို့ အားတင်းပြီး ကြိုးစားနေပေမဲ့ ဆင်းရဲမူကနေ ရုန်းထွက်နိုင်ဖို့အလွန်ခက်ခဲလှပါတယ် လူ့အနေနဲ့ငါသည် ပြောင်းလဲမယ်လို့ကြိုးစားနေပေမဲ့ ပိုဝေးသွားမဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။
ဘုရားသခင်နဲ့သာ သင့်အသက်တာလိုက်လျှောက်မယ်ဆိုရင် အရာရာ ဟာ ပြူပြင်ပြောင်းလဲမှာဖြစ်တယ်။
ပန်ကာဟာ အပြားသုံးပြားရှိပေမဲ့ မီးမရှိဘူးဆိုရင် သုံးလို့မရတဲ့အပြင်သင့်အိမ်မှာထားဖို့တောင် လိုချင်မှာမဟုတ်ဘူး တကယ်လို့ မီးရှိခဲ့တယ်ဆိုရင် သင့်ပူအိုက်နေတဲ့အချိန်မှာ အလိုအပ်ဆုံးအရာ တန်ဖိုးအရှိဆုံးအရာလို့ သင်တွေးမိမှာဖြစ်တယ်အဲဒီလိုဘဲ မီးနဲ့တူတဲ့ ဘုရားသခင်ဟာ ပန်ကာနဲ့တူတဲ့သင့်အသက်တာထဲမှာ လာပြီးဆက်သွယ်မယ

Tuesday, May 25, 2010

အိမ့်ရဲ့မွေးနေ့ထင်မြင်ချက်

ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အိမ့်ရဲ့ ဒီလိုမွေးနေ့ကို နှစ်စဉ်နှစ်တိုင်းအစဉ်မပြတ်ပြုလုပ်လာတာ အခုဆို၇င် ၂၁ တိုင်တိုင်ရှိခဲ့ပါပြီ။ မွေးနေ့နဲ့ ပတ်သတ်ပြီး အိမ့်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ မွေးနေ့ဟာ လူ့ဘဝမှာ အရေးကြီးဆုံးအရာတစ်ခုလို့ပြောရင်မမှားနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုရင် လူ့ဘဝမှာ ကိုဖြစ်တည်တဲ့ နေ့ ကိုယ်လူစဖြစ်တဲ့နေ့ဖြစ်တယ်။ ပြီးတော့ ဒီလိုသာ ကိုမမွေးခဲ့ဘူးဆိုရင် ကိုဟာ အခုချိန်မှာ ဘာ ဆိုတာကိုပြောလိုမရဘူး။မြောက်များစွာသော သူတွေက မွေးနေ့ကို နည်းအမျိုးမျိုး နဲ့လုပ်ကြတာ ပျော်ပွဲရွှင်ပွဲနဲ့